သတင်းများ

သံဖြူဇရပ်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံလေ့ကျင်ရေးသင်တန်း(၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကျင်းပ
Jul 04,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံလေ့ကျင့်ရေးသင်တန်း(၂/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က သံဖြူဇရပ်အောင်သာယာရပ်ကွက် မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
တကောင်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းဆောင်ရွက်
Jul 04,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊တကောင်းမြို့တွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ဇူလိုင်လ(၂)ရက်နေ့နှင့်(၃)ရက်နေ့တို့တွင် ပြည်သူ့ဆေးရုံရှိ ဆေးထိုးစုရပ်တွင်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အသိပညာပေး (Talk Show) ပြုလုပ်
Jul 04,2023
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အသိပညာပေး (Talk Show) ပြုလုပ်ကျင်းပခြင်းကို ယမန်နေ့နေ့လယ် (၂)နာရီက ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင် မြန်မာအမျိုးသမီးနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်
Jul 04,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီး‌ရေးရာ အဖွဲ့တို့ပူးပေါင်းပြီး ယမန်နေ့နေ့လယ် (၁)နာရီက မြန်မာအမျိုးသမီးနေ့ အထိမ်းအမှတ် အသိ ပညာပေး Talk Show ဆွေးနွေးပွဲကိုကျင်းပ ပြုလုပ်ခဲ့သည်။
သံတွဲမြို့၌ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပ
Jul 04,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မြို့နယ်အမျိုးသမီးးရေးရာအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကျ‌ရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
ကျိုက်ထိုမြို့နယ်တွင် ပုံပြင်ပြောပြိုင်ပွဲ၌ ဆုရသူအားဆုချီးမြှင့်
Jul 04,2023
 မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)တွင် ပြုလုပ်သည့် ပုံပြင်ပြောပြိုင်ပွဲ၌ ဆုရရှိသူအား ဆုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပုဇွန်တောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်
Jul 04,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အမျိုးသမီးအကြမ်းဖက်မှု ပပျောက်ရေးအသိပညာပေး Talk Show ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၁ နာရီက ပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်၌ အကြိုအခြေခံမီးသတ်သင်တန်း(၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကျင်းပ
Jul 04,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းများ၌ စွမ်းရည်ပြည့်ဝစေရေးအတွက် အကြိုအခြေခံမီးသတ်သင်တန်း အမှတ်စဉ် ၁/၂၀၂၃ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က ပေါင်မြို့နယ်၊ မုတ္တမကျေးရွာ နယ်မြေမီးသတ်စခန်း မဂဒူးခန်းမ၌ ကျင်းပသည်။