ကျိုက်ထိုမြို့နယ်တွင် မြန်မာအမျိုးသမီးနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်

ကျိုက်ထို ဇူလိုင် 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီး‌ရေးရာ အဖွဲ့တို့ပူးပေါင်းပြီး ယမန်နေ့နေ့လယ် (၁)နာရီက မြန်မာအမျိုးသမီးနေ့ အထိမ်းအမှတ် အသိ ပညာပေး Talk Show ဆွေးနွေးပွဲကိုကျင်းပ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က  မြန်မာအမျိုးသမီးများ၏ စရိုက်လက္ခဏာများ၊ အရေးပါပုံများကို လူငယ်လူရွယ်များ သိရှိ‌စေရန်ရည်ရွယ်ပြီး Talk Show အစီအစဉ် ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အမျိုးသမီး‌ ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန်းသန်းစိုးက မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံအကြောင်းကိုလည်းကောင်း၊ အဖွဲ့ဝင် ဒေါ်သင်းသင်းဦးက မြန်မာအမျိုးသမီးများ၏ ထူးခြားသည့်ဂုဏ်ဒြပ်များအ‌ကြောင်းကိုလည်းကောင်း၊ အဖွဲ့ဝင် ဒေါ်စုခိုင်ဇာက အမျိုးသမီးများ၏ စရိုက်လက္ခဏာနှင့် အရေးပါပုံအကြောင်းစသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုလို အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင်  ပြည်သူအသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျိုက်ထိုပြန်/ဆက်