သတင်းများ

ခိုလမ်မြို့၊ အ.မ.က(၂၉)မိုင်ကျောင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်
Jul 04,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အ.မ.က (၂၉)မိုင်ကျောင်းတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀:၃၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
ကော့မှူး၌ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူ
Jul 04,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက်က တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ စတင်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ကာလိမြို့၌ သွေးလွန်တုပ်ကွေးရောဂါ မပြန့်ပွားစေရေးအတွက် အသိပညာပေးခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းများ ကွင်းဆင်းဆောင်ရွက်
Jul 04,2023
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကာလိမြို့၌ သွေးလွန်တုပ်ကွေးရောဂါ မပြန့်ပွားစေရေးအတွက် အသိပညာပေးခြင်း၊ ခြင်ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း ကို ယနေ့နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သံတောင်ကြီးဒေသထွက် သဘာဝပျားရည်များ ဝယ်လိုအားကောင်းပြီးဈေးကောင်းရရှိ
Jul 04,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသအတွင်းရှိ သဘာဝပျားရည်များသည် ဆေးဖက်ဝင်ပြီး လူကြိုက်များခြင်း၊ သဘာဝပျားရည်စစ်စစ် ကိုသာထုတ်လုပ်ရောင်းချသည့်အတွက် ယခုနှစ်တွင် သံတောင်ကြီးဒေသထွက်ပျားရည်များဝယ်လိုအားပြီး ဈေးကောင်းရရှိကြောင်း သိရသည်။
ကလိန်အောင်မြို့တွင် ကွမ်းသီးပျိုးပင်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရာမှ ဈေးကောင်းရရှိ၍ မိသားစုအပိုဝင်ငွေရရှိ
Jul 04,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ ဥယျာဉ်ခြံလုပ်ကိုင်သူများသည် နှစ်ရှည်သီးနှံပင်များနှင့် ရာသီ‌ပေါ်သီးနှံများကို စိုက်ပျိုးလျက်ရှိပြီး မိသားစုတစ်ပိုင်တစ်နိုင် ကွမ်းသီးပျိုးပင်များ စိုက်ပျိုးရောင်းချရမှဈေးကောင်းရရှိ၍ အပိုဝင်ငွေရရှိကြောင်း ကွမ်းသီးပျိုးပင်များ ပြုစုပျိုးထောင်သူ တောင်သူများထံမှ သိရသည်။
တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ
Jul 04,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက် (၂)နှစ်နှင့်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယနေ့နံနက် ၁၀ နာရီမှ စတင်၍ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးနေသည်။
ကလေးမြို့နယ် စုပေါင်းရုံးတွင် ကလေးငယ်များကို ကာကွယ်ဆေးများ ထိုးနှံပေး
Jul 04,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ အသက်နှစ်လအရွယ်မှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများကို ကလေးမြို့နယ်စုပေါင်းရုံးတွင် ယနေ့ နံနက် ၉ နာရီမှစတင်၍ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။ 
သိန္နီမြို့၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲနှင့်စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Jul 04,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အနေဖြင့် စာတမ်းဖတ်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။