သတင်းများ

နမ့်ဆန်မြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက် (Biomatric Data) ကောက်ယူခြင်းလုပ်ငန်းစဉ်များအား စတင်ကောက်ယူ
Jul 04,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဒေသအစည်းအဝေးခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဌာနဆိုင်ရာဝန်ထမ်းများ၏ ဇီဝဆိုင်ရာအချက်အလက် (Biomatric Data) ကောက်ယူခြင်းလုပ်ငန်းစဉ်ကို ယမန်နေ့နံနက်ပိုင်းက စတင်ကောက်ယူလျက်ရှိရာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်မှုကို ကြည့်ရှုအားပေးကာ
ကံမမြို့နယ် အ‌ခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ
Jul 04,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီက အမှတ်(၃)ရပ်ကွက်၊ မဒေးဝ အခြေခံပညာမူလတန်းကျောင်းနှင့် မျိုးရာဇာကိုယ်ပိုင်အထက်တန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့တွင် ဇီဝဆိုင်ရာအချက်အလက်ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက် 
Jul 04,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်မှစတင်ကာ ညောင်ဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ နေ့စဉ်ဆောင်ရွက် လုပ်ကိုင်ပေးလျက်ရှိကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ အေရိုးဗစ်အခြေခံသင်တန်း စတင်ဖွင့်လှစ်
Jul 04,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ မွန်မြတ်ရတနာခန်းမ၌ အေရိုးဗစ်အခြေခံ သင်တန်းအား ယမန်နေ့ မွန်းလွဲ(၂)အချိန်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ချည်မျှင်ရှည်ဝါများ နတ်မောက်မြို့နယ် ကျေးရွာများတွင် စတင်စိုက်ပျိုး
Jul 04,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ချည်မျှင်ရှည်ဝါများကို ဇွန်လအတွင်း စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း သိရသည်။
မိုင်းနောင်မြို့တွင်လစဥ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းဆောင်ရွက်
Jul 04,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့ နံနက်(၈)နာရီက တိုက်နယ်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။
ပုသိမ်မြို့၌ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပ
Jul 04,2023
မြန်မာအမျိုးသမီးများနေ့ အခမ်းအနားအား ပုသိမ်မြို့၊ ဧရာရွှေခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီးအတွင်း အမျိုးသမီးများအရေး ဆောင်ရွက်ပေးနေကြသည့် အဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ငပုတောမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သွင်းအားစုများထုတ်ချေးပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Jul 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှသွင်းအားစုများ ထုတ်ချေးပေးနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်မည့် အုန်းပင်စုကျေးရွာအုပ်စု၊ သက္ကာယ်ချောင်းကျေးရွာအုပ်စု၊ ဖျန်ရေကျော်ကျေးရွာအုပ်စုရှိ မိုးစပါးစိုက်တောင်သူများအား သွင်းအားစုများထုတ်ချေးပေးနိုင်ရေးအတွက် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင်  ယမန်နေ့နံနက်ပိုင်းကမြို့နယ်စီအုပ်ချုပ်ရေး အုပ်ချုပ်ရေးအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။