တကောင်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းဆောင်ရွက်

တကောင်း ဇူလိုင် ၄

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊တကောင်းမြို့တွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ဇူလိုင်လ(၂)ရက်နေ့နှင့်(၃)ရက်နေ့တို့တွင် ပြည်သူ့ဆေးရုံရှိ ဆေးထိုးစုရပ်တွင်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

တကောင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် (၂)နှစ်အောက်ကလေးငယ်များအား (၁)လလျှင် (၁)ကြိမ် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး လျက်ရှိပြီး ကာကွယ်ဆေးများမှာ ကိုယ်ဝန်ဆောင်မိခင်မေးခိုင်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)ရောဂါကာ ကွယ်ဆေး၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)ကာကွယ် ဆေး၊ ဝက်သက်- ဂျိုက်သိုးကာကွယ်ဆေး၊ အိတ်(ချ်)ပီဗီ၊ ဂျပန်ဦးနှောက်ရောင်ကာကွယ် ဆေးစသည့် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများကို လစဉ် လဆန်း (၂)ရက်နေ့နှင့် (၃)ရက်နေ့တို့တွင် ဆောင်ရွက် ပေးလျက်ရှိကြောင်း ကျန်းမာရေးဌာနမှ ဘက်စုံသားဖွားဆရာမ ဒေါ်ချောစုထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)