သတင်းများ

မိုးညှင်းမြို့ ခရိုင်/မြို့နယ်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jul 05,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇူလိုင် ၃ ရက်နေ့ နံနက်(၉)နာရီမှစတင်၍ စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
စလင်းမြို့နယ်၌ တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့မှ စုပေါင်းနှမ်းရောင်းချပွဲ ကျင်းပ
Jul 05,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ တိုင်းတောင်သူဖွံဖြိုးရေးအဖွဲ့မှ ဦးဆောင်ကျင်းပသည့် သီးနှံစုံစုပေါင်းရောင်းချပွဲကို စလင်းမြို့ ပုထိုးဖြူရပ်ကွက် ရွှေမန်းဇာတ်ရုံကြီးအတွင်း၌ ယနေ့နံနက် ၉ နာရီ ၃၀ အချိန်က စတင်ကာ စုပေါင်းသီးနှံစုံရောင်းချပွဲကို ကျင်းပပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက်နှင့် နမ္မတူရပ်ကွက်ရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံပေး
Jul 05,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ပန်ဟိုက်ရပ်ကွက်နှင့် နမ္မတူရပ်ကွက်ရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံခြင်းကို ယမန်နေ့က ပန်ဟိုက်ရပ်ကွက်ရှိ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် မိသားစုတစ်နိုင်တစ်ပိုင် ရုံးပတီသီးနှံစိုက်ပျိုး ရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိ
Jul 05,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ပတ္တာကျေးရွာတွင် မိသားစုတစ်ပိုင်တစ်နိုင် ရုံးပတီသီးနှံ စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိကာ မိသားစုများစားဝတ်နေရေး အဆင်ပြေလျှက်ရှိကြောင်း သိရှိ ရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ တိရစ္ဆာန်အစာထောက်ပံ့ပေးအပ်
Jul 05,2023
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရပ်ကွက်ကျေးရွာအုပ်စု ကျေးရွာများမှမိသားစုတစ်ပိုင်တစ်နိုင် တိရစ္ဆာန်မွေးမြူရေးလုပ်ကိုင်လျက်ရှိသည့် ဒေသခံမွေးမြူရေး တောင်သူများအား တိရစ္ဆာန်အစာအဆင်ပြေစွာ ကျွေးမွေးနိုင်စေရေးအတွက် တိရစ္ဆာန်အစာ ထောက်ပံ့ပေးအပ်ခြင်းကို ဇူလိုင်လ ၃ ရက်နေ့ ညနေပိုင်းအချိန်က ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၌ ပြုလုပ်ကျင်းပသည်။
ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်
Jul 05,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဗဟုသုတ တိုးပွားလာစေရေးအတွက် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်(၅)ရပ်ကွက်ရှိ အ.လ.က(ပန်ကတ်) ကျောင်းသို့ နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မုဒုံမြို့၌ လက်ရက်ကန်းသင်တန်းဆင်းပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်
Jul 05,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (မုဒုံမြို့)တွင် ၂၀၂၃ ပညာသင်နှစ် (ပထမအကြိမ်) လက်ရက်ကန်း (၆)လ သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲက သင်တန်းကျောင်းခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်သည်။
ဟိုင်းကြီးကျွန်းမြို့၊ သဲကုန်းကြီးကျေးရွာအုပ်စု၊ လူပုကျေးရွာ၌ ကျွဲနွားလည်ချောင်းကွဲရောဂါနှင့် ပေါင်ပုပ်၊ လက်ပုပ်ရောဂါမဖြစ်ပွားစေရေး ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၌ ကျွဲနွားလည်ချောင်းကွဲရောဂါနှင့် ပေါင်ပုပ်၊ လက်ပုပ်ရောဂါမဖြစ်ပွားစေရေး ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက်(၀၉း၀၀)နာရီ အချိန်တွင်၊ သဲကုန်းကြီးကျေးရွာအုပ်စု၊ လူပုကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။