တောင်ဥက္ကလာပမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ အေရိုးဗစ်အခြေခံသင်တန်း စတင်ဖွင့်လှစ်

တောင်ဥက္ကလာပ ဇူလိုင် ၄

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်း၊ မွန်မြတ်ရတနာခန်းမ၌ အေရိုးဗစ်အခြေခံသင်တန်းအား ယမန်နေ့ မွန်းလွဲ(၂)အချိန်မှစတင်၍ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်လေးဇာဇာလှိုင်မြင့်က  ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံ့ဂုဏ်ဆောင်မည့် ထူးချွန်ထက်မြက်သော အမျိုးသမီးအားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အေရိုးဗစ်အခြေခံသင်တန်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အေရိုးဗစ်အခြေခံသင်တန်းတွင် တောင်ဥက္ကလာပမြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ  ကျောင်းသူ (၃၀)ဦး တက်ရောက် သင်ကြား လျက်ရှိပြီး အေရိုးဗစ်အခြေခံသင်တန်းကာလကို (၁) လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။

သီတာအေး(ပြန်/ဆက်)