သတင်းများ

ကန့်ဘလူမြို့၌ ရပ်ကွက်နေပြည်သူများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Jul 06,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဆေးပေးခန်းဖွင့်လှစ်၍ ရပ်ကွက်နေပြည်သူများအား အခမဲ့ ကျန်းမာရေးစောင်ရှောက်ခြင်းများကို ယမန်နေ့ နံနက်ပိုင်က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Jul 06,2023
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယမန်နေ့ နံနက် ၁၁ နာ ရီက စာ ပေချစ်မြတ်နိုးသူများက ဒေါက်တာကျော်ဇောဟိန်း၏ တသက်တာ ကျန်းမာရေးအကြံပေး စာအုပ်အား စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့၌ ယာဥ်စည်းကမ်းလမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်
Jul 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ယာဥ်အန္တရာယ်ဖြစ်ပွားမှုမရှိစေရန်နှင့် မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရန်ရည်ရွယ်၍ ယာဥ်စည်းကမ်းလမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ်(၁၀း၀၀)နာရီအချိန်တွင် အ.ထ.က ဟိုင်းကြီး အခြေခံပညာအထက်တန်းကျောင်း၊ မြကျွန်းသာဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ လူကုန်ကူးမှုအန္တရာယ်မှ ကင်းဝေးစေရန် အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 06,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အားကစားခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ လူကုန်ကူးမှုအန္တရာယ်မှ ကင်းဝေးစေရန် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
တနိုင်းမြို့ မူလွန်ပုန်ခုန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲကျင်းပ
Jul 06,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့ ၌  နယ်လှည့်စာကြည့်တိုက်‌ဟောပြောပွဲကို  ဇူလိုင်လ (၄) ရက်နေ့နံနက် ၁၀ နာရီအချိန်က ပုန်ခုန်းရပ်ကွက်၊ မူလွန်ပုန်ခုန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟင်္သာတ တက္ကသိုလ်၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်မှ ကင်းဝေးစေရေး အသိပညာပေးဟောပြော
Jul 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ရှိ ဟင်္သာတတက္ကသိုလ်၊ ပင်မလေးထပ်ဆောင် ဘွဲ့နှင်းသဘင်ခန်းမ၌ ယမန်နေ့နံနက် ၁၀နာရီခွဲ ကမူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်မှကင်းဝေးစေရေး အသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ဓနုဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ထူးချွန် ကျောင်းသား/ သူများနှင့် ဆရာ/ဆရာမများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ
Jul 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း​၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ထူးချွန်ကျောင်းသား/သူများနှင့် ဆရာ/ဆရာမများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။
တံတားမြို့၌ သက်ကြီးဘိုးဘွားများအား အပတ်စဥ်ကျန်းမာရေးစောင့်ရှောက်မှုပေး
Jul 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြည်သူ့ဆေးရုံတွင် အသက် (၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့ နံနက် (၇)နာရီ အချိန်က ကျန်းမာရေးဝန်ထမ်းများက ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။