ကန့်ဘလူမြို့၌ ရပ်ကွက်နေပြည်သူများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ကန့်ဘလူ ဇူလိုင် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဆေးပေးခန်းဖွင့်လှစ်၍ ရပ်ကွက်နေပြည်သူများအား အခမဲ့ ကျန်းမာရေးစောင်ရှောက်ခြင်းများကို ယမန်နေ့ နံနက်ပိုင်က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်​ပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက  လာရောက်ပြသသူ ပြည်သူများအား သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးချိုဆီးချိုစစ်ဆေးပေးခြင်း၊ ဝေဒနာရှင်အလိုက် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဝန်ထမ်းများက ပြည်သူများအား ကျန်းမာရေးစောင်ရှောက်ပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်က လာရောက်ကြည်ရှုအားပေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)