တနိုင်း ဇူလိုင် ၆
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့ ၌ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲကို ဇူလိုင်လ (၄) ရက်နေ့နံနက် ၁၀ နာရီအချိန်က ပုန်ခုန်းရပ်ကွက်၊ မူလွန်ပုန်ခုန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် မူလွန်ပုန်ခုန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး(ယာယီ) ဒေါ်ဇာခြည်လင်းလင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံ ရေးဦးစီးဌာန ရုပ်/သံ-၃ ဒေါ်ဂျာအောင်က စာအုပ်၊ စာပေများနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်း သူများ သိသင့်သိထိုက်သည့် အကြောင်းအရာများကို အသိပညာပေး ပြောကြားခဲ့သည်။
ထို့နောက် တနိုင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်း ပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ် စာစောင်များကို ဟောပြောပွဲသို့ တက်ရောက်လာကြ သည့် ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
အလားတူ တနိုင်းမြို့နယ် မူလွန်ဟူးကောင်းကျောင်းတွင်းလည်း မွန်းလွဲပိုင်းက အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပိုင်ထွန်း(တနိုင်း)