မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

မန္တလေး ဇူလိုင် ၆

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန Community  Centre ၌ ယမန်နေ့ နံနက် ၁၁ နာ ရီက စာ ပေချစ်မြတ်နိုးသူများက ဒေါက်တာကျော်ဇောဟိန်း၏ တသက်တာ ကျန်းမာရေးအကြံပေး စာအုပ်အား စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြား‌‌ရေးမှူး ဒေါ်မြင့်မြင့်သန်းက စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းဆွေး‌‌နွေးပြီး ပြည်ကြီးတံခွန်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာချမ်းမြေ့အေးက ဒေါက်တာကျော်ဇောဟိန်း၏ တသက်တာကျန်းမာရေး အကြံပေးစာအုပ်ဖြင့် စာဖတ် ဝိုင်း ဆွေးနွေးခဲ့ရာ ခါးနာစေသောအရာများ၊ အသည်းစီပိုးကိုဘယ်လိုကုမလဲ၊ ဘီပိုးကူးစက် စေသည့်အကြောင်းများ၊ ကျောက်ကပ်ကိုပျက်စီးစေသော အကြောင်းအရာများကို စတင်ဆွေးနွေး ပါသည်။ 

ဆက်လက်၍ စာရေးဆရာ ဦးထွန်းညိုက သွေးတိုးဖြစ်စေနိုင်သော အကြောင်းအရာများ၊ ကင်ဆာဖြစ်စေနိုင်သော အကြောင်းအရာများ၊ လေဖြတ်ခြင်းကို ကြိုတင်သိရှိနိုင်သော အကြောင်းအရာများ၊ ကိုဗစ်ကာကွယ်နိုင်ဖို့ ကိုယ်ခံအားကောင်းအောင် လုပ်ဆောင်သင့်သည့်အချက်များ၊ ကိုယ်ခံအားကောင်းစေသည့် အစားအစာများ အကြောင်း စသည့်အကြောင်း အရာများကို ဦးဆောင်ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက စာအုပ်တွင်ပါရှိသော အကြောင်းအရာများ၊ ထင်မြင် ယူဆချက်များကို အပြန်အလှန် ဆွေးနွေးကြ‌‌ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)