သတင်းများ

မြိတ်မြို့တွင် လူတစ်ဦးချင်းစီ၏ Biometric Data များအား Enrollment Device ဖြင့်  စာရင်း ကောက်ယူဆောင်ရွက်လျက်ရှိပြီး QR Code ပါသည့် Unique ID နံပါတ် ပြန်လည်ထုတ်ပေး
Jul 06,2023
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူလူထုများ၏ ကိုယ်ရေးအချက်အလက် မှတ်တမ်းများကို e-IDစနစ်ဖြင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရှိရာတွင်
မြန်အောင်မြို့နယ် တောင်ရိုးဒေသဖွံ့ဖြိုးရေးအတွက် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်
Jul 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တောင်ရိုးဒေသ မျှင်ဝါးတောင်ကျေးရွာအုပ်စု၊ မျှင်ဝါးတောင်ကျေးရွာ ဓမ္မသုခဘုန်းတော်ကြီး ကျောင်းတိုက်တွင် ယနေ့ နံနက်က မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်သော ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်းခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုဝင်များအား(Biometric Data) ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းများဆောင်ရွက်
Jul 06,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုဝင်များအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို ဇွန်လ ၂၇ ရက်နေ့မှစတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမတွင် ကောက် ယူလျက်ရှိကြောင်းသိရသည်။
ဖြူးမြို့နယ်တွင်ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းနှင့် စပါးမျိုးစေ့ချစိုက်ပျိုးခြင်း လက်တွေ့သရုပ်ပြသ
Jul 06,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင်လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာ စနစ်သို့ ကူးပြောင်းစိုက်ပျိုးရာတွင် မိုးစပါးများကို   စိုက်ပျိုးရေးနည်းလမ်းကောင်းများရရှိ၍ မိုးစပါးစိုက်တောင်သူများအကျိုးအတွက် ရည်ရွယ်ကာ
အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(မိုးညှင်း)၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာဟောပြော
Jul 06,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(မိုးညှင်း)တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာဟောပြောပွဲကို ယမန်နေ့နံနက် (၉)နာရီခွဲက ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
ပျဉ်းမနားမြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းစဉ်များ ကွင်းဆင်းဆောင်ရွက်
Jul 06,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်အောင် ၂ ရက်ကွက်အတွင်းရှိ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းစဉ်များအား ပျဉ်းမနားခရိုင်ဦးစီးမှူးဦးရဲဇင်လတ်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့သည်။
လေးမျက်နှာမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီကောက်စိုက်စက်ဖြင့် စိုက်ပျိူးခြင်းကွင်း သရုပ်ပြပွဲကျင်းပ
Jul 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာအုပ်စု စာရေးကွင်းကျေးရွာ ကွင်းအမှတ်(၁၂၂၃)၊ ဦးပိုင်အမှတ်(၂၆) တောင်သူဦး ဌေးအောင်၏ လယ်မြေတွင် ယနေ့နံနက်ပိုင်း၌ စိုက်ပျိူးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ၂၀၂၃ ခုနှစ် မိုးရာသီ ကောက်စိုက်စက်ဖြင့် စိုက်ပျိူးခြင်းကွင်းသရုပ်ပြပွဲ ပြုလုပ်ခဲ့သည်။
မိုးကုတ်မြို့နယ်တွင် အီလက်ထရောနစ်မှတ်ပုံတင်ဦးစီးဌာနမှ Biographic နှင့် Biometric အချက်အလက်များကောက်ယူပြီး Unique ID (UID) ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို သပိတ်ကျင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကွင်းဆင်းကြည့်ရှု
Jul 06,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲမြတ်တင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးအောင်မြင့်ကျော်နှင့် အဖွဲ့ဝင်များက ယမန်နေ့နေ့လည် ၁၁ နာရီအချိန်က မိုးကုတ်မြို့နယ် မြို့မရပ်ကွက် မိုးလုံလေလုံအားကစားခန်းမတွင်  လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာနက e - ID စနစ်ဖြင့် နိုင်ငံအတွင်း နေထိုင်သူတစ်ဦးချင်းစီ၏ Biographic နှင့် Biometric အချက်အလက်များ ကောက်ယူပြီး Database အတွင်းထိန်းသိမ်းကာ ဂဏန်း (၁၀) လုံးပါဝင်သော Unique ID (UID)နံပါတ်ပါ ကတ်ပြားများထုတ်ပေးနေမှုအား ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။