ဟင်္သာတ တက္ကသိုလ်၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်မှ ကင်းဝေးစေရေး အသိပညာပေးဟောပြော

ဟင်္သာတ ဇူလှိုင် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ရှိ ဟင်္သာတတက္ကသိုလ်၊ ပင်မလေးထပ်ဆောင် ဘွဲ့နှင်းသဘင်ခန်းမ၌ ယမန်နေ့နံနက် ၁၀နာရီခွဲ ကမူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်မှကင်းဝေးစေရေး အသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ အေးလွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့မရဲစခန်းမှူး ဒုရဲမှူး သန်းဇော်ဦးမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် မှကင်းဝေးစေရေးအတွက် မှုးယစ်ဆေး၏ ဆိုးကျိုးများ၊ ကျောင်းသားကျောင်းသူများအတွက် ဆောင်ရန်ရှောင်ရန်များ၊ မှုးယစ်ဆေးဝါးနှင့် ပတ်သက်သော ပြဋ္ဌာန်းထားသည့် ပြစ်မှုများ၊ဥပဒေပုဒ်မများကို ပါဝါပွိုင့်များဖြင့် အကျယ်တဝံ့ ဆွေးနွေး အသိပညာပေးဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ ဟင်္သာတတက္ကသိုလ် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ/ မများနှင့် ကျောင်းသား/ သူများ စုစုပေါင်းအင်အား (၃၀၀)ဦးခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ ဆက်)