ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှု
Jul 06,2023
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်(၉)နာရီခွဲက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် အခြေခံပညာ အထက်တန်း ကျောင်း(ကြိုသက်)တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ အား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး ကျောင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးများမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခြေခံပညာ အထက်တန်းကျောင်း(ကြိုသက်)တွင် RC နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးနေမှုကို ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။