သတင်းများ

မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ထူးချွန် ကျောင်းသား/ကျောင်းသူများနှင့် သင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်
Jul 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အမှတ်(၂)အခြေခံ ပညာအထက်တန်း ကျောင်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ထူးချွန် ကျောင်းသား/ကျောင်းသူများနှင့်ဂုဏ်ထူးရရှိ‌အောင်သင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို    ဇူလိုင်လ  ၇ ရက်နေ့  နံနက်   ၁၀ နာရီက   ငုဝါဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ကွတ်ခိုင်မြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေး
Jul 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများရှိ အသက် (၂)နှစ်အောက် ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာနတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းပြုလုပ်
Jul 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၁၀)နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
တံတားမြို့အ.မ.က (မူလွန်)ကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေး
Jul 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင် အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က တံတားမြို့အမက (မူလွန်)ကျောင်း၌ ထိုးနှံပေးခဲ့သည်။
လိပ်သိုမြို့ အ.ထ.ကကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ပြလုပ်
Jul 12,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများအား ကလေးသူငယ်အခွင့်အရေးများ၊ ဉပဒေပြဌာန်းချက်များဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို
ကျိုက်ထိုမြို့၌ သံဃနာယကနှင့် ဝိနည်းဓိုရ် ဗဟိုအဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်
Jul 12,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ နဝမအကြိမ်မြောက် သံဃနာယကနှင့် ဝိနည်းဓိုရ်ဗဟိုအဆင့် ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၈ နာရီက ကျိုက်ပေါလောမှဲ့ရှင်တော် ဘုရားဓမ္မာရုံ၌ ဖွင့်လှစ်သည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကောင်စီအသင်း (၅)သင်း ဘောလုံးပြိုင်ပွဲ အခမ်းအနားကျင်းပ
Jul 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းကောင်စီ (၅)သင်းဘောလုံး ပြိုင်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၀ ရက်နေ့ ၄ နာရီ အချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (ရင်မောပြေ)အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကွတ်ခိုင်မြို့နယ် အ.မ.က(၇)ကျောင်းတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ်၊ ဓာတ်ပုံနှင့် စာအုပ်၊ စာစောင် ပြပွဲများ ပြုလုပ်
Jul 12,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြို ဟောပြောပွဲ၊ နံရံကပ်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲများကို မြို့နယ်အတွင်းရှိ အ.မ.က (၇) ကျောင်းတွင် ယမန်နေ့ နေ့လည် (၁:၃၀) နာရီက ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။