သတင်းများ

ဒဂုံတက္ကသိုလ်၌ ပညာရပ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခြင်း
Jul 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ဒဂုံတက္ကသိုလ်တွင် နိုင်ငံခြား ပညာသင်ဆု (Scholarship) များနှင့် ပတ်သက်သော အသိပညာပေး ဟောပြောပွဲကို အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရွာငံမြို့နယ် (Community Centre) ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Jul 12,2023
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့ နေ့လယ်ပိုင်းက စာဖတ် စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ကလေးဝမြို့ အမှတ် (၁) အခြေခံ ပညာအလယ်တန်းကျောင်းခွဲ၌ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း နံရံကပ်စာစောင်ပြသခြင်းနှင့် အသိပညာပေးဟောပြောပွဲ ပြုလုပ်
Jul 12,2023
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း နံရံကပ်စာစောင်များပြသခြင်းနှင့် အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
တောင်ကုတ်မြို့နယ်၌ တိုက်ရိုက်စပါးမျိုးစေ့ချကိရိယာ Drum Seeder ဖြင့်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
Jul 12,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှကြီးမှူး၍ တိုက်ရိုက်စပါးမျိုးစေ့ချကိရိယာ Drum Seeder ဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က ချောင်းသုံးခွကျေးရွာရှိ ကွင်းအမှတ် (၁၀၇) ၊ ဦးပိုင်အမှတ်(၃၅) ရှိ တောင်သူဦးတင်သိန်း ၏ လယ်မြေ (၅) ဧက၌ ကျင်းပ ပြုလုပ် သည်။
ဇမ္ဗူသီရိမြို့နယ်၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်/စာစောင်ပြပွဲကျင်းပ
Jul 12,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်/စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၃၈) မူလွန်၊ အောင်ချမ်းသာကျောင်း၌ ကျင်းပခဲ့သည်။
သရက်ချောင်းမြို့နယ်တွင် (၇၆) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 12,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူပေါင်း၍ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က သရက်ချောင်းမြို့၊ ပန်းတောရပ်ကွက်ရှိ အခြေခံပညာပန်းတော (မူလွန်) ကျောင်းတွင် ကျင်းပခဲ့သည်။
မိုင်းနောင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းဝေး ဆောင်ရွက်
Jul 12,2023
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ မိုင်းနောင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကျောက်တံခါးမြို့နယ်၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်
Jul 12,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ဇူလိုင်လ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီက အခြေခံပညာမူလတန်း (မူလွန်) (ကွင်းနောက်မြောက်) ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။