သတင်းများ

အခြေခံပညာအထက်တန်းကျောင်း(ပေါက်တော)၌ လူငယ်ရေးရာ အသိပညာပေးဟောပြော
Jul 14,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းတွင် အခြေခံပညာအထက်တန်းကျောင်း(ပေါက်တော)ရှိ စုပေါင်းခန်းမ၌ ကျင်းပသည်။
ပိုင်ကျုံမြို့ နောင်ဘိုကြီးကျေးရွာ အုပ်စုအတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ အဘိုးအဘွား(၁၈)ဦးအား တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများပေးအပ်
Jul 14,2023
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှအသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား အာဟာရပြည့်ဝပြီး ကျန်းမာရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွက်  လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသော အဘိုးအဘွားများကို ထောက်ပံ့ငွေများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သိန္နီမြို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူ(Book Club) အသင်းဝင်များမှ စာဖတ်ဝိုင်းပြုလုပ်
Jul 14,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့(Community Centre)ခန်းမတွင် စာအုပ် စာစောင်ချစ်မြတ်နိုးသူ အသင်းဝင်များမှ စာရေးဆရာဗန်းမော်သိန်းဖေရေးသားသည့် ကြီးကြီးတွေး မြင့်မြင့်ကြံ စာအုပ်ဖြင့် ယနေ့နနံနက်ပိုင်း(၁၀)နာရီက စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
တန့်ယန်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေး
Jul 14,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့မှ ကျေးလက်နေပြည်သူများအား နှစ်စဉ် အရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို ထုတ်ချေးပေးလျက်ရရှိရာ ယနေ့တွင် မိုင်းပတ်ကျေးရွာအုပ်စု မန်ပန် တုန်ဟုန်းကျေးရွာ၌ ဆောင်ရွက်ထုတ်ချေးပေးခဲ့သည်။
သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်တွင် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲကျင်းပ
Jul 14,2023
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာ ဦးစီးဌာနအောက်ရှိ ပညာရေးဒီဂရီ ကောလိပ်များတွင် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သင်္ကန်းကျွန်း ပညာရေးဒီဂရီကောလိပ်တွင် ယနေ့နံနက် (၁၀) နာရီ၌ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကို ကျင်းပခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များမှ စာပေစကားဝိုင်း ကျင်းပ
Jul 14,2023
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်(၁၀) နာရီအချိန်က စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များမှ စာပေစကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။
ကော့မှူးမြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Jul 14,2023
(၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မိုးစပါးစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းရရှိစေရန်ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းပြသဆောင်ရွက်
Jul 14,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးစပါးလျာထားဧကထက်ကျော်လွန်စိုက်ပျိုးနိုင်ရေးနှင့် စပါးအထွက်နူန်းတိုးစေရန်အတွက်ဆောင်ရွက်လျက်ရှိရာ အမှတ်(၂၇)မြို့နယ်စက်မှုလယ်ယာဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် သရက်တပင်အုပ်စု၊ သရက်တပင်ကျေးရွာ‌ တောင်သူဦး‌‌ကျော်နိုင်၏ လယ်မြေ(၃.၅၀)ဧက၌ ဆင်းသုခစပါးမျိုးအားကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းပြသဆောင်ရွက်ခဲ့သည်။