လိပ်သိုမြို့ အ.ထ.ကကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ပြလုပ်

လိပ်သို ဇူလိုင်  ၁၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများအား ကလေးသူငယ်အခွင့်အရေးများ၊ ဉပဒေပြဌာန်းချက်များဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို  ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ယနေ့နေ့ နံနက် ၁၀ နာရီက လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကျောင်းသား/ ကျောင်းသူများအနေဖြင့် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတပါရရှိ၍ စာပေကိုချစ်မြတ်နိုးစေရန်၊ ကလေးအလုပ်သမားများအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် အထွေထွေ ထိခိုက်ဆုံးရှုံးမှုများကိုလည်းကောင်း၊ ကလေးအလုပ်သမားဟူသည် အဘယ်နည်း၊ ကလေး အလုပ်သမားနှင့်ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ဉပဒေများ၊ အခွင့်အရေးများ အကြောင်းကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေးအတွက် ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ မတော်မတရားပြုမူခြင်း၊ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမူခြင်း၊ အကြမ်းဖက် ခြင်း၊ လစ်လျူရှုခြင်း၊ အလုပ်ရှင်များအတွက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာများ စသည့်အကြောင်းအရာများပါ နံရံကပ်စာစောင်ပြသဆောင်ရွက်ထားရှိမှုကို ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ် (ပြန်/ ဆက်)