မော်လမြိုင်ကျွန်း ဇူလိုင် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အမှတ်(၂)အခြေခံ ပညာအထက်တန်း ကျောင်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ထူးချွန် ကျောင်းသား/ကျောင်းသူများနှင့်ဂုဏ်ထူးရရှိအောင်သင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၇ ရက်နေ့ နံနက် ၁၀ နာရီက ငုဝါဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား/ကျောင်းသူများမှ မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှုး ဒေါ်မြင့်မြင့်စန်းကဂုဏ်ပြု ဆုချီးမြှင့်ခြင်း အခမ်းအနားပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်း သူများနှင့်ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သော ဆရာ/ဆရာမများနှင့်စာစီစာ ကုံးနှင့်၊ ပန်းချီပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား တက်ရောက်လာသော ဌာနဆိုင်ရာ အကြီးအကဲများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ပြီးနောက် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှဌေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ထို့နောက် ကျောင်းသား/ကျောင်းသူများက ဦးရွှေရိုးနှင့်ဒေါ်မိုး သီချင်းဖြင့် သီဆိုကပြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)