တံတား ဇူလိုင် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင် အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က တံတားမြို့အမက (မူလွန်)ကျောင်း၌ ထိုးနှံပေးခဲ့သည်။
ထို့နောက်ကျောင်းသား/သူများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ အတန်းအလိုက် စနစ်တကျ စာရင်းရေးသွင်းခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးပြီးနောက် မိနစ်(၃၀)ခန့် အနားယူစေခြင်းတို့ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၅)နှစ်ပြည့်ပြီးသည့် KG ကျောင်းသား၊ ကျောင်းသူ (၃၆)ဦးနှင့် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ (၄၀)ဦးကို ပထမအကြိမ်ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိပြီး အသက်(၁၂)မှ (၁၈)နှစ်အတွင်း ကျောင်းသား၊ကျောင်းသူ (၄၄)ဦးတို့ကို ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopham)များ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (တံတားပြန်ဆက်)