မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကောင်စီအသင်း (၅)သင်း ဘောလုံးပြိုင်ပွဲ အခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း  ဇူလိုင် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းကောင်စီ (၅)သင်းဘောလုံး ပြိုင်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၀ ရက်နေ့ ၄ နာရီ အချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (ရင်မောပြေ)အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်မှ အဖွင့်မှာစကားပြောကြားပြီး အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် (၄)ချက်ရွတ်ဆိုပြီး တာဝန်ရှိသူများ ကအားကစားသမားများအားလိုက်လံနှုတ်ဆက်ကာ ကျောင်းအုပ်ဆရာမကြီးထံသို့ အားကစားပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် ပန်းပွားအကဖြင့် သီဆိုကပြ၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)