ကွတ်ခိုင် ဇူလိုင် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများရှိ အသက် (၂)နှစ်အောက် ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာနတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက အသက် (၂)နှစ်အောက် ကလေးများအား အဆုတ်တီဘီ၊ ငါးမျိုးစပ် (BCG)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ မေးခိုင်၊ ဝက်သက်ရောဂါ ကာကွယ်ဆေးများ ထိုးနှံ၊ တိုက်ကျွေးပေးခဲ့ကြောင်းနှင့် မိခင်များအား နို့တိုက် ကျွေးခြင်း၊ ကလေးအာဟာရဖြည့်စွက်စာ ကျွေးမွေးခြင်းများကို ကျန်းမာရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို သတ်မှတ်ထားသည့် စုရပ်များအလိုက် လစဉ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)