ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းပြုလုပ်

ဒဂုံတောင် ဇူလိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အမှတ် () အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၁၀)နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဦးစီးအရာရှိ ဒေါ်ဝါဝါဝင်းမြိုင်က လူငယ်တွေအနေဖြင့် ရရှိပြီးသား အသိပညာဗဟုသုတတွေထက် ပိုမိုရရှိစေရန်၊ ရရှိပြီးသား အသိပညာဗဟုသုတတွေကို ပြန်လည်မျှဝေပေးစေခြင်း၊ ပရိတ်သတ်ရှေ့မှာထွက်ပြီး ပြောရဲဆိုရဲအောင်နဲ့ စကားပြောအတတ်ပညာ ကျွမ်းကျင်လာစေခြင်း။ လူငယ်အချင်းချင်းရင်းနှီမှုတွေရရှိပြီး ပူပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းတွေ ရရှိခြင်းနှင့် ဗလငါးတန်ပြည့်ဝတဲ့ လူငယ်လူရွယ်တွေပေါ်ထွက်လာစေခြင်း အစရှိသည့် ရည်ရွယ်ချက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ () ဦးတို့မှ လူငယ်နှင့်စာပေ၊ လူငယ်နှင်စာရိတ္တ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ယဥ်ကျေးမှု အစရှိသည့် ခေါင်းစဉ်များဖြင့် အသေးစိတ် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသားကျောင်းသူများက မိမိတို့သိရှိလိုသည့် အကြောင်းအရာခေါင်းစဉ်အလိုက် မေးမြန်းဆွေးနွေးခဲ့ကာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။

ထို့နောက် အမှတ်()အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်က ယခုလိုလူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခြင်းဖြင့် ကျောင်းသားကျောင်းသူ ကလေးငယ်များအတွက် များစွာအကျိုးကျေးဇူးရရှိသည့်အတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကို ကျေးဇူးတင်ကြောင်းနှင့် တက်ရောက်လာသည့် ဧည့်သည်တော်များနှင့် ဖိတ်ကြားထားသူများအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးလက်ကမ်းစာစောင်များနှင့် သုတ၊ ရသ စာအုပ်များပြသခဲ့ကြောင်း သိရသည်။

သက်မင်းဟန်(ဒဂုံတောင်)