သတင်းများ

ဒေါပုံမြို့နယ်တွင် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲ ကျင်းပ
Jul 12,2023
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စလင်းမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့်စာစီစာကုံးပြိုင်ပွဲများ ကျင်းပပြုလုပ်
Jul 12,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်စလင်းမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို တန်ဖိုးထားတတ်စေရန်နှင့် ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်ပြီး မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားပြီး မြန်မာစာပေနှင့်စွမ်းရည်တိုးတက် မြင့်မားလာစေရေးနှင့် ဇူလိုင်လ (၁၉) ရက်နေ့တွင်ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံး ပြိုင်ပွဲများကို ယမန်နေ့နံနက် (၉) နာရီအချိန်က စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို အ.မ.က(မန်လုံ)ကျောင်း၌ ကျင်းပပြုလုပ်
Jul 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊‌ ကျောက်မဲခရိုင်၊ မိုင်း‌ငေါ့မြို့တွင် ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၉)ရက် နေ့ တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် နံရံကပ်စာ‌ စောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က  အ.မ.က‌ (မန်လုံ) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ
Jul 12,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခက်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း ဆောင်ရွက်
Jul 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မိုးရာသီ၌ အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခက်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းကို ယနေ့နံနက် ၇ နာရီက စ၍ ​ရွှေပေါက်ကံ(၁၄)ရပ်ကွက် (၁၄)စျေး၊ ဝေဘာဂီရပ်ကွက်ရှိ ဆေးဝါးတက္ကသိုလ်ဝန်းအတွင်းတွင် ဆောင်ရွက်ခဲ့သည်။
၂၀၂၂−၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများအား မြို့နယ်အဆင့် ဂုဏ်ပြုဆုချီးမြှင့်းပွဲ ကျင်းပ
Jul 12,2023
၂၀၂၂−၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများအား မြို့နယ်အဆင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်မွန်းလွဲ ၁ နာရီက
ဒဂုံတက္ကသိုလ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုး​ပွဲတော် ပြုလုပ်
Jul 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန် (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ဒဂုံတက္ကသိုလ်စာကြည့်တိုက်၌ ယနေ့နံနက် ၉ နာရီ အချိန်ကပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာတွင် ဒေသခံတောင်သူများ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး လယ်မြေဧက ၇၀၀ အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော်ဆောင်ရွက်
Jul 12,2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ကန်ပြည့် ကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ လယ်ယာစိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေဖြင့် လမ်းအရှည်ပေ ၁ မိုင်အား ကျေးလက်ကုန်ထုတ်လမ်းအဖြစ် အကောင် အထည်ဖော် ဖောက်လုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။