သိန္နီမြို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူ(Book Club) အသင်းဝင်များမှ စာဖတ်ဝိုင်းပြုလုပ်

သိန္နီ ဇူလိုင် ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့(Community Centre)ခန်းမတွင် စာအုပ် စာစောင်ချစ်မြတ်နိုးသူ အသင်းဝင်များမှ စာရေးဆရာဗန်းမော်သိန်းဖေရေးသားသည့် ကြီးကြီးတွေး မြင့်မြင့်ကြံ စာအုပ်ဖြင့် ယနေ့နနံနက်ပိုင်း(၁၀)နာရီက စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်း၌ (Book Club)  အဖွဲ့ဝင်မှ ဆွေးနွေးရာတွင် အောင်မြင်မှုရဖို့ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့လိုအပ်ကြောင်း ဘယ်လိုကြီးကြီးတွေးကြမလဲ၊ သမားရိုးကျမတွေးဘဲ ဘယ်လိုထီထွင် တွေးမလည်း ဆုံးဖြတ်ချက်ချပြီးရင် ချက်ချင်းလုပ်ဆောင်ပါ၊ အောင်မြင်မှုရဖို့ ရည်မှန်းချက်ပန်းတိုင်ကို အသုံးချပါ၊ စိတ်ရှည်သည်းခံတတ်မှု၊ ပြောဆိုဆက်ဆံတတ်မှုတို့ ရှိဖို့လိုအပ်ကြောင်း စသည့်အကြောင်း အရာများကို စာပေချစ်မြတ်နိုးသူများက အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)