တန့်ယန်း ဇူလိုင် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့မှ ကျေးလက်နေပြည်သူများအား နှစ်စဉ် အရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို ထုတ်ချေးပေးလျက်ရရှိရာ ယနေ့တွင် မိုင်းပတ်ကျေးရွာအုပ်စု မန်ပန် တုန်ဟုန်းကျေးရွာ၌ ဆောင်ရွက်ထုတ်ချေးပေးခဲ့သည်။
အဆိုပါ မိုင်းပတ်ကျေးရွာအုပ်စု မန်ပန်၊ တုန်ဟုန်းကျေးရွာသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ စတင်၍ လည်ပတ်ဆောင်ရွက်ခဲ့ရာ ယခု သတ္တမနှစ်စက်ဝန်းသို့ ရောက်ရှိလာပြီး အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်(၄၆ ဒဿမ ၅၀)သန်းအား စိုက်ပျိုးရေးလုပ်ကိုင်သူ ၂၃ ဦး၊ မွေးမြူရေးလုပ်ကိုင်သူ ၁ ဦး၊ အရောင်းအဝယ်လုပ်ကိုင်သူ ၄ ဦး၊ စုစုပေါင်း ၂၈ ဦးအား စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်ခဲ့ပြီး စာရင်းဇယားများ စစ်ဆေး၍ ပြန်လည်ထုတ်ချေးပေးအပ်ခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)