သတင်းများ

ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအာင်မြင်ခဲ့ကြသော ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Jul 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအာင်မြင်ခဲ့ကြသော ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း (အမျိုးသားခန်းမ) တွင် ယနေ့နံနက် (၁၀)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ
Jul 14,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 14,2023
ဇမ္ဗူသီရိမြို့နယ် ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၁၄) အခြေခံပညာ အထက်တန်းကျောင်း၊ ဇမ္ဗူရွှေကြာခန်းမ၌ ကျင်းပခဲ့သည်။
မံစီမြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီး မိုးရာသီ ဘောလုံးပြိုင်ပွဲကျင်းပ
Jul 14,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မံစီမြို့နယ် အားကစားကွင်း၌ ဇူလိုင် ၁၃ ရက် မွန်းလွဲ ၁ နာရီက  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပခဲ့သည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ
Jul 14,2023
အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်းခန်းမတွင် ကျင်းပပါသည်။
မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Jul 14,2023
မိတ္ထီလာမြို့ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျောင်းသူ ကျောင်းသားများ စာဖတ်သည့်အလေ့အကျင့် ကောင်းများရရှိစေရန်နှင့် စကားပြောစွမ်းရည်များ တိုးတက်ကောင်းမွန်စေရည်ရွယ်ချက်ဖြင့် ယနေ့နံနက် ၉ နာရီအချိန်က စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန Community Center ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
Jul 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင် ယနေ့နံနက်ပိုင်းက စာရေးဆရာမြတ်ငြိမ်း ရေးသားသော”အနာဂတ်၏ လူငယ်သူကြွယ်များပျိုးထောင်ခြင်း” ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေကျပ် ၈၅၀ ဒသမ ၅၀ သိန်းထုတ်ချေးပေး
Jul 14,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။