ပိုင်ကျုံ ဇူလိုင် ၁၄
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှအသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား အာဟာရပြည့်ဝပြီး ကျန်းမာရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသော အဘိုးအဘွားများကို ထောက်ပံ့ငွေများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများပေးအပ်ရာတွင် နောင်ဘိုကြီးကျေးရွာအုပ်စုအတွင်းရှိ အဘိုးအဘွား (၁၈)ဦးတို့အား တစ်ဦးလျှင် (၃၀၀၀ဝိ/-)နှုန်းဖြင့် စုစုပေါင်းကျပ်ငွေ (၅၄၀၀၀၀ိ/-)တိတိကို ဇူလိုင်လ ၁၃ ရက်နေ့တွင် သက်ဆိုင်ရာ ကျေးရွာတာဝန်ရှိသူများက အဘိုးအဘွားများထံ အိမ်တိုင်ရာ ရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။
ပိုင်ကျုံမြို့တွင် မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၇)အုပ်စုတို့တွင် လူမှုရေးပင်စင် ခံစားခွင့်ရှိသော အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား စုစုပေါင်း (၃၄၈)ဦးရှိပြီး ထောက်ပံ့ငွေများ လက်ဝယ်အရောက် ရရှိရေးအတွက် သက်ဆိုင်ရာကျေးရွာရှိ တာဝန်ရှိသူများတို့မှ လိုက်လံ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။
နော်ခူး(ပြန်/ဆက်)