သတင်းများ

တောင်သာမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Jul 14,2023
၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ညနေ (၄) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Center) ခန်းမတွင် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ် စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲများကျင်းပ
Jul 14,2023
(၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကျောင်းသား/သူများ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင် ယနေ့မွန်းလွဲ ၁နာရီအချိန်က နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲ များ ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့ မြို့နယ်သံဃနာယကအဖွဲ့ လစ်လပ် အစားထိုးရွေးချယ်ပွဲအစည်းအဝေး ကျင်းပ
Jul 14,2023
ပဲခူးတိုင်း‌ဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် ၉ ဖအောင်ဝဲရပ်ကွက်၊ သီရိမင်္ဂလာမှန်ကျောင်းတိုက်ဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီအချိန်က ဒိုက်ဦးမြို့နယ်အတွင်း လစ်လပ်လျက်ရှိသော မြို့နယ်သံဃနာယကဆရာတော် ၁ ပါးနှင့် တိုင်းသံဃာ့ဝန်ဆောင်ဆရာတော် ၁ ပါး အစားထိုး ရွေးချယ်ပွဲအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
သာယာဝတီ၌ လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေးဟောပြော
Jul 14,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် အခြေခံပညာကျောင်းများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ယနေ့နေ့လယ်ပိုင်းက အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
နွားထိုးကြီးမြို့နယ် (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jul 14,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ အခက်ခဲနှင့် အောင်ပွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ရောင်းချလျက်ရှိသည့် ကျောင်းမုန့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး
Jul 14,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် ကျောင်းအနီး ကိုက်(၁၀၀)ပတ်လည်တွင်ရှိသော မုန့်ဆိုင်များ၊ ကျောင်းမုန့်ဈေးဆိုင်များတွင် ဘေးအန္တရာယ်ရှိသော အစားအသောက်များ ရောင်းချခြင်းမရှိစေရေးအတွက် ကျောက်မဲခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အ.ထ.က ၂၂ တွင် လူငယ်ရေးရာဟောပြောပွဲ ကျင်းပ
Jul 14,2023
အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာဟောပြောပွဲကို  ယနေ့နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ် လမ်း ၈၀၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ အမှတ် ၂၂ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
မိုင်းရှူးမြို့နယ်တွင် ပြည်သူများအား ပန်းခင်းစီမံချက်၂ ဖြင့် ကွင်းဆင်းဆောင်ရွက်ပေး
Jul 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ မိုင်းစံမြို့၊ ဟိုဆိုင်ကျေးရွာအုပ်စု၊ ပါနမ့်ရွာ လွိုင်ဆောင်ထောက်နယ်မြေတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းမြင့်ဝင်းနှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက်၂ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မိဘပြည်သူများအား ယနေ့နံနက် (၁၁)နာရီက ဗုဒ္ဓသာသနံဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။