မိုးကောင်း ဇူလိုင် ၁၆
ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီဦးခက်ထိန်နန်သည် စီးပွားရေးရာ ဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့်အတူ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျှက် မိုးကောင်းမြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့်ဆောင်ရွက်ထားသည့် လုပ်ငန်းများ အား ယမန်နေ့တွင် လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြတောင်ကျေးရွာအုပ်စု မြတောင်ကျေးရွာရှိ ကွင်းအမှတ်(၆၄)တောင်သူ ဦးမျိုးမျိုးမင်း၏ ဆင်းဧကရီ-၃စပါးမျိုး မျိုးစေ့ထုတ်စံပြစိုက်ခင်း၌ ရောက်ရှိ ရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်မှ လယ်ယာစိုက်ပျိုးထားရှိမှုအခြေ အနေအားရှင်းလင်းပြောကြားပြီး ဒေသခံတောင်သူတစ်ဦး၏ စိုက်ပျိုးရေရရှိရေး၊ ရေနုတ်မြောင်းရရှိရေး နှင့်ပတ်သက်၍တင်ပြချက်အပေါ် လယ်ယာစိုက်ပျိုးထားရှိမှုနှင့် ရေနုတ်မြောင်းတူးဖော်မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ အောင်သာကျေးရွာ၌ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် မွေးမြူထားသည့်ဝက်(၅၂)ကောင် ထားရှိသည့်နေရာသို့လိုက်လံကြည့်ရှုပြီး ဝက်မွေးမြူသူများအား မွေးမြူရေးအထောက်အကူပြု ဝက် ဝမ်းချရောဂါကာကွယ်ဆေးထောက်ပံ့ပေးအပ်ပြီး ကျေးရွာကော်မတီနှင့်မွေးကုဌာနသို့ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ကျွန်းတောရပ်ကွက်ရှိ ဦးကြည်ဆွေ စိုက်ပျိုးထားသော ဆင်းဧကရီစပါးစိုက်ခင်း စိုက်ပျိုးရောက်ရှိကာ စပါးစိုက်ခင်းအားလှည့်လည်ကြည့်ရှု ပြီး ဒေသခံတောင်သူများအား ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် အထက(၂)ကျောင်း၌ (၅)နှစ်ပြည့်ပြီးသော KGကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး First Dosesထိုးနှံပေးမှုနှင့် အသက်(၁၂)နှစ်မှ(၁၈)နှစ်ကျောင်းသား ကျောင်းသူများအား Second Booster Dose ထိုးနှံပေးမှုအားလည်းကောင်း၊ ပညာရေးဌာနမှ ကျောင်း အုပ်ဆရာမကြီးနှင့် ပညာရေးဝန်ထမ်းများအား တွေ့ဆုံခြင်းဖြင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင် ရွက်ခြင်းဖြင့်လည်းကောင်း၊ နောင်ကိုင်တော်ရပ်ကွက်ရှိ ဘိုကြီးဆန်စက် လုပ်ငန်းလည်ပတ်နေမှုအား လည်းကောင်း၊ ဈေးကုန်းရပ်ကွက် လမ်းဘေးဝဲ/ယာကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခြင်း ဖြင့်လည်းကောင်း၊ သမဝါယမအသင်းစုပိုင် ဆီကြိတ်စက် လည်ပတ်နေမှုအားလည်းကောင်း၊ နမ္မတီး မြို့လှရပ်ကွက်ရှိ မြို့တော်ခန်းမ ဆောက်လုပ်ပြီးစီးမှု လုပ်ငန်းကိုလည်းကောင်း၊ မရမ်းကျေးရွာ ရွှေဘို-မြစ်ကြီးနားသွား ကားလမ်းမကြီးအလယ် ကတ္တရာလမ်းအကျယ်(၁၀)ပေအနက်(၄)ပေခန့် ပြိုကျပျက်စီး၍ ဘေလီတံတားတည်ဆောက်ထားရှိမှုအားလည်းကောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ ဆက်)