စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် လူငယ်စကားဝိုင်းကျင်းပ

စစ်ကိုင်း ဇူလိုင် ၁၆

စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူ လူငယ် လူရွယ်များ အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လူငယ်စကားဝိုင်းတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်က အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ခင်စောလင်းက လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ပြောကြားရာ ကျောင်းသား/ ကျောင်းသူလူငယ် လူရွယ်များ အသိပညာဗဟုသုတများ တိုးပွားရရှိ နိုင်စေရန်  အသိပညာများမျှဝေပေးနိုင်စေရန်၊ ကျောင်းသား/ ကျောင်းသူအချင်းချင်း စည်းလုံးညီညွတ်ပြီး ချစ်ခင်ရင်း နှီးမှု ပိုမိုရရှိနိုင်စေရန်၊ ပူးပေါင်းဆောင်ရွက်တက်သည့် အလေ့အထကောင်း များရရှိ နိုင်စေရန်စသည့်ရည် ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်းပြောကြားကာ မဝင့်ချယ်ရီခိုင်၊ B.Ed (စတုတ္ထနှစ်)က “ လူငယ်နှင့်စာပေ”၊ မသင်းသင်းယုခိုင်၊ B.Ed (ဒုတိယနှစ်)က “လူငယ်နှင့်ပညာရေး၊ မနန်းထက်လွင်၊ B.Ed (ဒုတိယနှစ်)က “ ကျွန်မဖတ်ဖူးသော စာအုပ်တစ်အုပ်”၊ မောင်ဝင်းကျော်ထွန်း၊ B.Ed (တတိယနှစ်)က “ လူငယ်နှင့်မီဒီယာ”၊ မောင်အောင်ပိုင်၊ B.Ed (တတိယနှစ်)က” လူငယ်နှင့်နည်း ပညာ” ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးပေးခဲ့ကြသည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးပေးခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက် ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်မြင့်နိုင် (ပြန်/ ဆက်)