နောင်ချို ဇူလိုင် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သန်းသန်းထွေးက ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဒုတိယဦးစီးမှူးဒေါ်အိအိစိုးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ကျောင်းသား၊ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် (အကြို) စာစီစာကုံးပြိုင်ပွဲကို ပြုလုပ်ရာ “အာဇာနည်နေ့” ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ (၁၂)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် ပြိုင်ပွဲအပြီးတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် အထူးဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ပြသထားသော နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြဘုတ်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း ခဲ့ကြကြောင်းနှင့် အဆိုပါ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲသို့ အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်းခွဲမှ ကျောင်းသား၊ ကျောင်းသူ (၁၂)ဦး တက်ရောက် ခဲ့ကြကြောင်း သိရသည်။
နောင်ချို (ပြန်/ဆက်)