သတင်းများ

ကျောက်ဆည်မြို့နယ်တွင် ကီလိုမာလကာ စိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရ
Jul 20,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့် ဆန်၊ စပါးနှင့် ယာသီးနှံများဖြစ်သည့် ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံအမျိုးမျိုးနှင့် ငရုပ်၊ ဝါ၊ ပြောင်း စသည့်သီးနှံများ အဓိကထားစိုက်ပျိုးကြပြီး တောင်သူအချို့သည် မိသားစုအပိုဝင်ငွေရရှိရေး သီးပင်စားပင်များ စိုက်ပျိုးလျက်ရှိရာ ကျားကာ ကျေးရွာအုပ်စု၊ ကုလကျေးရွာတွင် ကီလိုမာလကာ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ရရှိပြီး စားဝတ်နေရေး ဆင်ပြေလျက်ရှိကြောင်း သိရှိသည်။
ငပုတောမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ် လှူဒါန်း
Jul 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 20,2023
ခြင်မှတဆင့် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင် ကာကွယ်တားဆီးရေး လုပ်ငန်းဖြစ်သည့် ခြင်နှိမ်နှင်းရေးလုပ်ငန်း၊ ခြင်ဆေးခတ်ခြင်းလုပ်ငန်းနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ/ ရပ်ကွက်များအတွင်း ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အမှတ် (၅) အရန်မီးသတ်များက ဇူလိုင် ၂၀ ရက်၊ နံနက် ၁၀ နာရီအချိန်က ချောင်းရှည်ကျေးရွာ၌ ခြင်းဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်သူများအား အခြေခံစားသောက်ကုန်များ ရောင်းချပေး၊ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်
Jul 20,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်သူများ၏ နေ့စဥ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူပြုစေရန် ပြည်သူများ အလွယ်တကူဝယ်ယူနိုင်ရေးတို့ အတွက် ကန့်ဘလူမြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် အခြေခံ စားသောက်ကုန်များအား စျေးနှုန်းချိုသာစွာ ရောင်းချပေးမှုကို ယမန်နေ့နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကာယဗလမောင်၊ ကာယကြံ့ခိုင်မှုနှင့် ကာယအလှမယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jul 20,2023
၂၀၂၃ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကာယဗလမောင်၊ ကာယကြံ့ခိုင်မှုနှင့် ကာယအလှမယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇူလိုင်(၁၈)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
မန်တုံမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊စာအုပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်ဟောပြောပွဲဆောင်ရွက်
Jul 20,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ ဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲများ ဆောင်ရွက်ပေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့်(၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်
မော်လမြိုင်ကျွန်းမြို့နယ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာမှု ရှိ/မရှိ အသိပညာပေး စစ်ဆေးဆောင်ရွက်
Jul 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ပြည်သူများ ယာဉ်တိုက်မှုအန္တရာယ်မှ ကင်းဝေးစေရန် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများအား လိုက်နာခြင်း ရှိ/မရှိ အသိပညာပေးစစ်ဆေးခြင်းကို ယမန်နေ့နံနက် (၈)နာရီအချိန်က မော်လမြိုင်ကျွန်းမြို့ မင်းလမ်းမကြီး၊ အမှတ် (၁၁) လမ်းထိပ်နှင့် အမှတ် (၅)လမ်းတွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ (၇၆)  နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဆွမ်းဆပ်ကပ်လှူဒါန်း
Jul 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်မှန်း၍ မြို့နယ်အတွင်းရှိ ကျောင်းတိုက်များက ဆရာတော်များအား ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် (၅)နာရီက မင်္ဂလာကံ ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။