ပန်ဆောင်မြို့၌ တရားမဝင်တင်သွင်းထားသောဆေးဝါးများ စျေးကွက်အတွင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jul 20,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ မြို့မစည်ပင်သာယာစျေး အတွင်း ရောင်းချနေသော ဆေးဆိုင်များတွင် တရားမဝင်တင်သွင်းထားသော ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့ကျန်းမာရေးဦးစီးဌာန၊ မြို့ရဲတပ်ဖွဲ့ဝင်များနှင့် မြို့စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုးက ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။