ဒေးဒရဲမြို့၌ (၇၆)  နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဆွမ်းဆပ်ကပ်လှူဒါန်း

ဒေးဒရဲ ဇူလိုင် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်မှန်း၍ မြို့နယ်အတွင်းရှိ ကျောင်းတိုက်များက ဆရာတော်များအား ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ()နာရီက မင်္ဂလာကံ ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆပ်ကပ်လှူဒါန်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ပြည်သူများက ဆရာတော်ကြီးများထံမှ  သီလခံယူဆောက်တည်ခြင်းနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ယခုပြုလုပ်အပ်သော ကောင်းမှုအစုစုအား  အမျှပေးဝေခြင်းများ ပြုလုပ်ခဲ့သည်။ ဆက်လက်၍ ဆရာတော်များထံ ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် (၇၆) နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ဌာနဆိုင်ရာ အဆောက်အဦများနှင့် နေအိမ်များတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံအား တိုင်ဝက်လွှင့်ထူခြင်းနှင့် နံနက် (၁၀)နာရီ (၃၇) မိနစ်တွင် ဥသြဆွဲ အချက်ပေး၍ သွားလာနေသော ယာဥ်များ၊ ပြည်သူများက ခေတ္တရပ်ပြီး အလေးပြုခြင်း၊ ဟွန်းတီးခြင်းများကို ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း