မော်လမြိုင်ကျွန်းမြို့နယ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာမှု ရှိ/မရှိ အသိပညာပေး စစ်ဆေးဆောင်ရွက်

မော်လမြိုင်ကျွန်း ဇူလိုင် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ပြည်သူများ ယာဉ်တိုက်မှုအန္တရာယ်မှ ကင်းဝေးစေရန် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများအား လိုက်နာခြင်း ရှိ/မရှိ အသိပညာပေးစစ်ဆေးခြင်းကို ယမန်နေ့နံနက် (၈)နာရီအချိန်က မော်လမြိုင်ကျွန်းမြို့ မင်းလမ်းမကြီး၊ အမှတ် (၁၁) လမ်းထိပ်နှင့် အမှတ် (၅)လမ်းတွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မော်လမြိုင်ကျွန်း  မြို့နယ်အတွင်း ယာဉ်အန္တရာယ် ကင်းဝေးစေရန်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် ဇော်လင်းနှင့် တာဝန်ရှိသူများ၊ မော်တော်ယာဥ်စည်းကမ်းထိန်းသိမ်းရေးမှ ဦးမြင့်ဇော်နှင့် တာဝန်ရှိသူများက အဖွဲ့များခွဲပြီး  နေ့စဉ် မော်တော်ဆိုင်ကယ်စီးနင်းသူများတွင် ဆိုင်ကယ်စီးဦးထုပ် ပါရှိရေး၊ မေးသိုင်းကြိုးတပ်ဆင်ပြီးစီးရန်၊ မော်တော်ယာဉ်များတွင် ပါရှိရမည့် အချက်များ၊  ဘက်မှန်၊ နံပါတ်ပြားနှင့် အရည်အသွေးပြည့်မှီသော ဆိုင်ကယ်ဦးထုပ်များ အသုံးပြုခြင်း ရှိ/မရှိ အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ပြီး  စည်းကမ်းလိုက်နာမှု မရှိသောယာဉ်နှင့် ယာဉ်ပိုင်ရှင်များအား ၂၀၂၀ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူထံက သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)