သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ညောင်ဦး ဇူလိုင် ၂၀

ခြင်မှတဆင့် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင် ကာကွယ်တားဆီးရေး လုပ်ငန်းဖြစ်သည့် ခြင်နှိမ်နှင်းရေးလုပ်ငန်း၊ ခြင်ဆေးခတ်ခြင်းလုပ်ငန်းနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ/ ရပ်ကွက်များအတွင်း ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အမှတ် (၅) အရန်မီးသတ်များက ဇူလိုင် ၂၀ ရက်၊ နံနက် ၁၀ နာရီအချိန်က ချောင်းရှည်ကျေးရွာ၌ ခြင်းဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ခြင်းဆေးဖြန်းခြင်းများအား ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အမှတ် (၅) အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာ၊ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ အဖွဲ့များ ခွဲကာ ခြင်ကာကွယ်ခြင်း လုပ်ငန်းများဖြစ်သည့် ခြင်ဆေးဖျန်းခြင်း၊ အုတ်ကန်များ၊ ရေစည်ပိုင်းများထဲသို့ အဘိတ်ဆေးခတ်ခြင်း၊ ကားလေးဝပ်ရှော့၊ ကားကြီးဝပ်ရှော့ရှိ တာယာအဟောင်းများထဲရှိ ရေဆိုးရေပုပ် များသွန်ခြင်းနှင့် ခြင်ခိုအောင်း ပေါက်ဖွားနိုင်သည့် မြက်တောများ၊ ပေါင်းမြက်များ၊ ရှင်းလင်းပေးခြင်းဖြင့် ခြင်မှတဆင့် ဖြစ်တတ်သည့်ရောဂါများ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ခြင်းဆေးဖျန်းခြင်းများ ဆောင်ရွက်လိုပါက ဖုန်းနံပါတ် 09-4013 44057 သို့ ဆက်သွယ်အကူ အညီတောင်းခံနိုင်ကြောင်း ညောင်ဦးမြို့နယ် ဒုတိယမြို့နယ် မီးသတ်ဦးစီးမှူး ဦးရဲမင်းထွန်းထံက သိရသည်။

ဒီပါလင်း