ကန့်ဘလူ ဇူလိုင် ၂၀
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်သူများ၏ နေ့စဥ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူပြုစေရန် ပြည်သူများ အလွယ်တကူဝယ်ယူနိုင်ရေးတို့ အတွက် ကန့်ဘလူမြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် အခြေခံ စားသောက်ကုန်များအား စျေးနှုန်းချိုသာစွာ ရောင်းချပေးမှုကို ယမန်နေ့နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စားသောက်ကုန်များရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပြည်သူတစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီ ၅ ကျပ်သားနှင့် ကြက်ဥ နှစ်လုံး စသည့် ပစ္စည်းသုံးမျိုးတို့ကို ကျပ် ၃၀၀၀ နှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယင်းခန်းမ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆေးပေးခန်းဖွင့်လှစ်၍ ကျန်းမာရေးဝန်ထမ်းများက လာရောက်ပြသသူ ပြည်သူများအား သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးချိုဆီးချို စစ်ဆေးပေးခြင်း၊ လို့အပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများကို အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)