သတင်းများ

ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် စုပေါင်းထွန်ယက်ပွဲ၊ စူပါဘိုကာရှိမြေဆွေးပုံလက်တွေ့ ပြုလုပ်ပြသခြင်း၊ ပျိုးခင်းများအား မြေဩဇာစုပေါင်းကြဲပက်ခြင်းနှင့် ကွင်းသရုပ်ပြပွဲဆောင်ရွက်နေမှုအား တက်ရောက်အားပေး
Jul 20,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ တောင်သူများနှင့်အတူ ယနေ့နံနက်(၉)နာရီအချိန်က ဘူးသီးတောင်မြို့နယ်၊ နန်းရာကုန်းကျေးရွာ လယ်မြေ(၈၅)ဧက အတွင်း စုပေါင်းထွန်ယက်ပွဲနှင့် အကျိုးဆောင်တောင်သူများဖြင့်မျိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း (၈၅)ဧကဆောင်ရွက်ရန် ပျိုးထောင်ထားရှိသည့် ဆင်းသွယ်လတ်၊ ဆင်းသုခ၊ ပေါ်ဆန်းယဉ် ပျိုးခင်းများအား ယူရီးယားမြေဩဇာနှင့် စူပါဘိုကာရှိ မြေဆွေးရောစပ်၍ ပျိုးခင်းများအား စုပေါင်းကြဲပက်နေမှုကို လှည့်လှယ်ကြည့်ရှု ကွင်းဆင်းအားပေးခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာအတွင်းရှိ အေးချမ်းသာခန်းမဆောင်တွင် အသေးစားစက်မှုလုပ်ငန်းသင်တန်း အစည်းအဝေးကျင်းပ
Jul 20,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊  အေးမြင့်သာယာကျေးရွာအတွင်းရှိ အေးချမ်းသာ ခန်းမဆောင်တွင် အသေးစားစက်မှုလုပ်ငန်းသင်တန်း အစည်းအဝေးကို ဇူလိုင် ၁၈ က ကျင်းပခဲ့သည်။
တောင်ကြီးမြို့တွင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃-၂၀၂၄) ပြုလုပ်
Jul 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၃-၂၀၂၄)ကို ဇူလိုင် ၁၈ ရက် ၂ နာရီက ရှမ်းပြည်နယ် အ‌သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
မဟာ‌အောင်မြေမြို့နယ်၊ အမှတ်(၂၄)အ.ထ.ကကျောင်း၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားနှင့်လူငယ်‌ရေးရာအသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းပေးအပ်ပွဲကျင်းပ
Jul 20,2023
မန္တလေးခရိုင်၊ မဟာ‌အောင်မြေမြို့နယ်၊ အမှတ်(၂၄) အ.ထ.ကကျောင်း၌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ  ယမန်နေ့မွန်းလွဲပိုင်းကအားကစားနှင့် လူငယ်‌ရေးရာအသိပညာပေးဟောပြောပွဲနှင့်အားကစားပစ္စည်းပေးအပ်ပွဲ ကျင်းပ‌ခဲ့ကြောင်းသိရသည်။
မအီမြို့တွင် မအီမြို့တွင်  ကျောင်းသား/ကျောင်းသူများ သန်ကောင်ရောဂါ မဖြစ်ပွားစေရေးအတွက် သန်ချဆေးများ တိုက်ကျွေးပေး
Jul 20,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ အာဟာရရက် သတ္တပတ်အနေဖြင့်  မအီမြို့နယ်အတွင်းရှိ အခြေခံပညာကျေးများရှိ ကျောင်းသူ/ကျောင်းသားများအား  သန်ချဆေးများ တိုက်ကျွေးပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မအီမြို့၊  အခြေခံ ပညာအထက်တန်းကျောင်း၌ ကျောင်းသူ/ကျောင်းသားများအား သံချဆေးများတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မြောက်ဦးခရိုင်အတွင်း ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူးရေးလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်
Jul 20,2023
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက မြောက်ဦးခရိုင်အတွင်း ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံကြသည်။
တောင်သာမြို့နယ်၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ဆောင်ရွက်
Jul 20,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရေးအတွက် ကျေးလက် ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာ၏ ပြည်သူများ တိုက်ရိုက်ရေးဆွဲအကောင်အထည်ဖော်သော ကိုယ်ထူကိုယ်ထ ကျေးလက်ဖွံ့ဖြိုးရေးစီမံချက်အရ ကျေးရွာနေပြည်သူများကိုယ်တိုင် ကျေးရွာ များ၏ ပကတိလိုအပ်ချက်များ ဖော်ထုတ်ပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးရေး အစီအစဉ်များကို စနစ်တကျ စုပေါင်းပြီး ကဏ္ဍပေါင်းစုံ ပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဉ်တစ်ရပ်ဖြစ်ပေါ်လာစေရန် ရွယ်ရွယ်ချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေလုပ်ငန်းစီမံချက် (VFP)ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ (Talk Show) ဆောင်ရွက်
Jul 20,2023
မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့နံနက်(၁၁)နာရီ အချိန်တွင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ကျင်းပခဲ့သည်။