ငပုတောမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ် လှူဒါန်း

ငပုတော ဇူလိုင် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍စတင်ဖွင့်လှစ်ပြီး    မြို့နယ်သံဃာ့နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဘဒ္ဒန္တဝဏ္ဏသာမိထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော် သံဃာတော်များရွတ်ပွား သရဇ္ဈာယ်တော် မူအပ်သော မေတ္တာသုတ် အစရှိသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ထို့နောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (ကိုယ်စား)ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းနေလွင်ထွန်း၊ အဖွဲ့ဝင် (၁)ဗိုလ်မှူး ဖြိုးသူရကျော်နှင့် အဖွဲ့ဝင် (၂) ဦးသန်းဦးတို့က လှုဒါန်းဖွယ်ရာအဖြာဖြာတို့ကို ဆက်ကပ်လှူဒါန်းကြပြီးလျှင် လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်ချ အမျှပေးဝေခဲ့ပြီး နေ့ဆွမ်းများ ဆက်ကပ်လှုဒါန်းခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)