တောင်ကြီး ဇူလိုင် ၁၉
၂၀၂၃ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကာယဗလမောင်၊ ကာယကြံ့ခိုင်မှုနှင့် ကာယအလှမယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇူလိုင်(၁၈)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက "ကာယပြည့်ဖြိုး ပြည့်အကျိုး"ဟူသော ဆောင်ပုဒ်အတိုင်း ကိုယ်ကာယ ဖွံ့ဖြိုးသန်မာမှ တိုင်းပြည်အကျိုးအတွက် ထမ်းဆောင်ကူညီနိုင်မည်ဖြစ်သောကြောင့် ရှမ်းပြည်နယ်အတွင်းမှ လူငယ်များ ကျန်းမာကြံ့ခိုင်လာစေရန် ကိုယ်ကာယ အချိုးအစား ညီညွတ်ပြေပြစ်လာစေရန်၊ အမျိုးသားများသာမက အမျိုးသမီးများ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ အထွေထွေကျန်းမာရေး ကောင်းမွန်လာစေရန်နှင့် ကာယဗလမောင်နှင့် ကာယအလှမယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး ပြည်နယ်အဆင့် ပြိုင်ပွဲကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပြီး ပြည်နယ်အဆင့်ပြိုင်ပွဲမှ ထူးချွန်သည့် အားကစားသမားများ ရွေးချယ်ပြီး ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်မည့် ပြည်နယ်နှင့် တိုင်းဒေသကြီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ကာယအလှမယ်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရှိသော အားကစားများအား ငွေသားဆုချီးမြှင့်ခြင်း၊ ကာယအလှမယ်ပြိုင်ပွဲတွင် ဆဌမမှ ဒဿမဆုရရှိသူများ၊ စတုတ္ထနှင့် ပဉ္စမဆုရရှိသူများ၊ တတိယနှင့် ဒုတိယဆုရှိသူများကို ဆုတံဆိပ်နှင့် ငွေသားဆုများချီးမြှင့်ပေးကြပြီး ပထမဆုရရှိသူများကို ဆုတံဆိပ်နှင့် ငွေသားဆုများ၊ သရဖူနှင့် စလွယ်ဆုများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးက ချီးမြှင့်ပေးကြသည်။
ထို့နောက် Men Physique ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများနှင့် တတိယ၊ ဒုတိယ၊ ပထမဆု ရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများကို ပြည်နယ်ဥပဒေချုပ်မှ ဆုများချီးမြှင့်ပေး၍ လည်းကောင်း၊ Women Mode Physique ပြိုင်ပွဲတွင် စတုတ္ထ၊ ပဉ္စမဆုရရှိသူများနှင့် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၏ဇနီးနှင့် တိုင်မှူး၏ဇနီးတို့က ချီးမြှင့်ပေး၍လည်းကောင်း၊ (၂၁)နှစ်အောက် အမျိုးသား ကာယဗလပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသော အားကစားသမားများနှင့် တတိယ၊ ဒုတိယ၊ ပထမဆုရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက ဆုချီးမြှင့်ပေး၍လည်းကောင်း၊ (၆၀)ကီလိုတန်း အမျိုးသား ကာယဗလပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဆုချီးမြှင့်ပေး၍လည်းကောင်း၊ (၆၅)ကီလိုတန်း အမျိုးသား ကာယဗလပြိုင်ပွဲတွင် စတုတ္ထ၊ တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများကို ပြည်နယ်လူမှုရေးရာဝန်ကြီးက ဆုချီးမြှင့်ပေး၍လည်းကောင်း၊ (၇၀)ကီလိုတန်း အမျိုးသားကာယဗလပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က ဆုချီးမြှင့်ပေး၍လည်းကောင်း၊ (၇၅)ကီလိုနှင့်အထက် အမျိုးသားပြိုင်ပွဲတွင် ပဉ္စမ၊ စတုတ္ထ၊ တတိယ၊ ဒုတိယ၊ ပထမဆု ရရှိသူများအား ဆုတံဆိပ်နှင့်ငွေသားဆုများနှင့် ၂၀၂၃ခုနှစ် ရှမ်းပြည်နယ် ကာယဗလမောင်ရရှိသူအား ဆုတံဆိပ်၊ စလွယ်နှင့် ငွေသားဆုများကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ချီးမြှင့်ပေးကြကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)