သတင်းများ

မြို့သစ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ကျေးလက်လမ်း/တံတားများ တည်ဆောက်မှု အချိန်မီပြီးစီးရေးကွင်းဆင်းကြည့်ရှု
Jul 20,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အတွင်းဆောင်ရွက်လျက်ရှိသည့် ပေပင်ရိုး-ပုဂံမျှော်- တောင်တွင်း-မြို့သစ်-နတ်မောက်လမ်း
ကျိုက်ဒုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်း ကျင်းပ
Jul 20,2023
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယနေ့နံနက် ၁၀ နာရီအချိန်က စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း( Book Club) မှ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပခဲ့သည်။
ရှမ်းရွာသစ်မြို့လမ်းဦးစီးဌာနမှဆောင်ရွက်သော မြေထိန်းနံရံပြုလုပ်ခြင်းလုပ်ငန်း (၇၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး
Jul 20,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာမှဘဏ္ဍာနှစ်အလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄  ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် မြေထိန်းနံရံပြုလုပ်ခြင်းလုပ်ငန်းကို ဇွန်လပထမပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် (၇၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
စာဖတ်​ခြင်းအကျိုးကျေးဇူးဟော​ပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲပြုလုပ်
Jul 20,2023
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာန လူထုအ​ခြေပြု Community Centre ခန်းမ၌ စာဖတ်ခြင်းအကျိုးကျေးဇူး ဟောပြောခြင်း​၊ နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်ပြီး စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပလောက်မြို့၊ အထကကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်
Jul 20,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ဌာနဆိုင်ရာများပူးပေါင်း၍ အ-ထ-က-ပလောက်ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသူ/သား များနှင့် ဆရာ/ဆရာမများအားလုံး ခြင်မှတစ်ဆင့်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါဘေးဆိုးမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ခြင်လောက်လန်း များ မပေါက်ဖွားစေရေး ခြင်ဆေးဖျန်းပေးခြင်းနှင့် အဘိတ်ဆေးခတ်ပေးခြင်း လုပ်ငန်းများကို ဇူလိုင် ၁၉ ရက်နေ့ ညနေ ၄ နာရီ အချိန်က ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန၌  စစ်တုရင်နှင့် Scrabble ပြိုင်ပွဲဆောင်ရွက်
Jul 20,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စစ်တုရင်နှင့် Scrabble ပြိုင်ပွဲများ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
မူဆယ်မြို့၊ မိုင်းယု(၁၀၅)မိုင် ကြက်ခြေနီအသင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကျင်းပ
Jul 20,2023
ယနေ့ ဇူလိုင်လ(၁၉)ရက်နေ့သည် မြန်မာ့လွတ်လပ်ရေးဗိသုကာ၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ကျဆုံးခဲ့သော (၇၆)နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊  မိုင်းယု(၁၀၅)မိုင် ကြက်ခြေနီအသင်း၌ နိုင်ငံတော်အလံရှေ့တွင် ယမန်နေ့ နံနက်(၉း၃၀)အချိန်က ဦးညွှတ် အလေးပြုခဲ့ကြပါသည်။
ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက စိုက်ပျိုးဆိုင်ရာ အသိပညာပေး လုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးသန်းဦး၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းအောင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးထွန်းမျိုးသန့် နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက ကျောက်တန်းအုပ်စု၊ ရေတွင်းကုန်းကျေးရွာ အသင်းတော်ခန်းမဆောင်သို့ ကွင်းဆင်းသွားရောက်၍ ကျောက်တန်း၊ အရိုးဒါး၊ ရွှေတောင်အုပ်စုတို့မှ စိုက်တိုးမြှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ တောင်သူများနှင့် တွေ့ဆုံခဲ့သည်။