သရက်ချောင်းမြို့နယ်တွင် မြစိမ်းရောင်အတိုးရငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပ
Jul 20,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှငါးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အကောင်အထည်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်စီမံကိန်း (ငါးကဏ္ဍ)အတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ကျောက်ဆည်ကျေးရွာ "မြစိမ်းရောင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီသို့" အတိုးရငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီခွဲအချိန်က သရက်ချောင်းမြို့၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။