သတင်းများ

ဗန်းမော်ခရိုင် (Community Centre) ခန်းမ၌ စာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပ
Jul 20,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနက ဦးဆောင်၍ Book Club, Women Club နှင့် ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက် ရေး ကြီးကြပ်မှု အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ၏ အမွေခံ တစ်ယောက် အမွေပေးသူ တစ်ရာ စာအုပ်ဖြင့် ယနေ့ နေ့လယ် ၁ နာရီခန့်က စာဖတ်ဝိုင်း ကျင်းပ ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်စာစောင် ပြပွဲကျင်းပ
Jul 20,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ကျောင်းသား/ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်အတွက် အလယ်တန်းအဆင့် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင် ပြပွဲကို ဇူလိုင် (၂၀) ရက် မွန်းလွဲ (၁) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်း
Jul 20,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်သော (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေး
Jul 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက် မငှားရမ်း နိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီက မီးသတ်ဦးစီးဌာနရုံး သို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့နယ်၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲပြုလုပ်
Jul 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက ဘုရားကြီးကုန်းကျေးရွာရှိ တောင်သူ ဦးမိုးနိုင်ဝင်း (Boffo Myanmar Co.Ltd) ၏ လယ်မြေတွင် ပြုလုပ်ခဲ့သည်။
စပါးစိုက်ပျိုးတောင်သူများအား စိုက်ပျိုးရေးချေးငွေထုတ်ချေး
Jul 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီနှင့်  နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေမှ ​စိုက်ပျိုးရေးချေးငွေထုတ်ချေးခြင်းကို ယမန်နေ့ နေ့လယ် ၁နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး လှိုင်းဘွဲ့မြို့မဈေးသစ်အား တက်ရောက်ဖွင့်လှစ်ပေး
Jul 20,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၈၄၉.၄၅)သန်းဖြင့် လှိုင်းဘွဲ့မြို့မဈေးသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီ အချိန်က လှိုင်းဘွဲမြို့ (ဃ)ရပ်ကွက်၊ ကုန်သည်လမ်း၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုင်းယုမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်
Jul 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ မိုးရာသီကာလတွင် ခြင်ကိုက်ခြင်းမှတစ်ဆင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။