သရက်ချောင်း ဇူလိုင် ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှငါးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အကောင်အထည်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်စီမံကိန်း (ငါးကဏ္ဍ)အတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ကျောက်ဆည်ကျေးရွာ "မြစိမ်းရောင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီသို့" အတိုးရငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီခွဲအချိန်က သရက်ချောင်းမြို့၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခက်ခက်ဝေခိုင်ကမြစိမ်းရောင်ကော်မတီဝင်များအားမြစိမ်းရောင်စီမံကိန်း (ငါးကဏ္ဍ)အတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မည့်အခြေအနေများအားရှင်းလင်းပြောကြားခဲ့ပြီး ကျောက်ဆည်ကျေးရွာ မြစိမ်းရောင်ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီဝင်နှင့် အပြန်အလှန်ဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခက်ခက်ဝေခိုင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း (ငါးဏ္ဍ)အတိုးရငွေ၏ (၅၀%)မှ ငွေကျပ်သိန်း (၁၀၀)အားကျောက်ဆည်ကျေးရွာ မြစိမ်းရောင်ရွာဖွံ့ဖြိုးရေးလုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီဝင်များထံသို့ ပေးအပ်ကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)