သတင်းများ

ခိုလမ်မြို့၌ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများ ထုတ်ပေး
Jul 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၉ နာရီအချိန်က စတင်၍ ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Jul 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်များအတွင်းရှိ အသက်မွေးစမှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအစီအစဉ်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၉) နာရီအချိန်ကစ၍ အမှတ်(၆)ရပ်ကွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့တွင် သက်မွေးဝမ်းကျောင်းပညာများဖြင့် မိသားစုဝင်ငွေရရှိစေရေး သင်တန်းပို့ချ
Jul 21,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ဟင်္သာရွှေမြေ တိုင်းဒေသကြီးတောင်သူလယ်သမားအဖွဲ့အစည်းတို့ပူးပေါင်း၍ သက်မွေးဝမ်းကျောင်းသင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့နံနက် ၁ဝ နာရီအချိန်က သရက်တပင်အုပ်စု၊ သရက်တပင်လူထုအခြေပြုလေ့လာမှုစခန်း၌ ပြုလုပ်သည်။
ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး ပြိုင်ပွဲများပြုလုပ်‌ပေးပြီး အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်
Jul 21,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ယနေ့မွန်းလွဲပိုင်းက ဘင်လှိုင်ရပ်ကွက်ရှိ ဝါးတော၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ အလယ်တန်းအဆင့်စာဖတ်စွမ်းရည်၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများနှင့် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။
ဝေါမြို့နယ်၌ လူငယ်စကားဝိုင်း ကျင်းပ
Jul 21,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်နှင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖြင့်ပြည့်စုံစေရန်နှင့် ပရိသတ်ရှေ့၌ ပြောရဲဆိုရဲသောသတ္တိများရှိလာစေရန် လူငယ်အချင်းချင်းအသိပညာ၊ အတတ်ပညာများကို ဖလှယ်နိုင်စေရန်နှင့် လိမ္မာယဥ်ကျေးစွာပြောဆို ဆက်ဆံတတ်စေသည့် အတွေ့အကြုံသစ်များကိုရည်ရွယ်၍ လူငယ်နှင့်ဘဝအောင်မြင်မှုပန်းတိုင်ခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက ဝေါမြို့နယ်၊ ထိန်တပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။
ဘုတ်ပြင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညား ဟောပြောပွဲ၊ နံရံကပ်စာစောင်များ ပြသ
Jul 21,2023
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်က Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရမည်းသင်းခရိုင်လူထုအခြေပြုဗဟိုဌာန  စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ
Jul 21,2023
စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းနှင့် စာပေဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အသင်း၊ Youth Club အသင်းတို့ ပူးပေါင်း၍ ယမန်နေ့ ညနေ ၃နာရီ အချိန်က ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။
တနင်္သာရီမြို့၏ သမိုင်းဝင်ရာဇမင်္ဂလာကန်တော်အား မူလပုံစံမပျက် အဆင်မြင့်တင်ပြုပြင်မွမ်းမံနေမှု (၉၀)ရာနှုန်း ပြီးစီး
Jul 21,2023
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၏ ကျက်သရေဆောင် သမိုင်းဝင်ရာဇမင်္ဂလာကန်တော်သည် တနင်္သာရီမြို့-ချောင်းငယ်ကျောင်းတိုက်၏ မြောက်အရပ်တွင်တည်ရှိပြီး ယင်းနေရာတွင် မဟာသီရိဓမ္မသောကမင်းကြီးက ရေ ကန်တော်နှင့် စေတီတော်တို့ကို လှူဒါန်းခဲ့လေသည်။ ၎င်းတို့မှာ ချောင်းငယ်ဘုန်းတော် ကြီးကျောင်းဝင်းအတွင်းရှိ နန်းဦးစေတီနှင့် ရာဇမင်္ဂလာကန်တော်ပင်ဖြစ်ပြီး ထိုမင်္ဂလာ ကန်တော်ကို တနင်္သာရီမင်းဆက်များက ဦးခေါင်းဆေးမင်္ဂလာပြုရာတွင် အဓိက အသုံးပြုခဲ့ကြသည်ဟု ဆိုသည်။