ဒိုက်ဦး ဇူလိုင် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးအောင်မြင့်ထွန်းသည် ယမန်နေ့ နံနက်ပိုင်းက ဆင်ဇလုပ်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ(၅၀%)ဖြင့် ဆောင်ရွက်လျက်ရှိသော ဂဝံခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါဂဝံလမ်းခင်းခြင်းလုပ်ငန်းအားမြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ (၅၀%)(၁၂) သန်းဖြင့် အကျယ် ၁၂ပေ၆လက်မ၊ထုထည်၆ လက်မ၊အရှည် ၁၈၆၀ပေ ဂဝံခင်းခြင်းလုပ်ငန်းအား ပြုလုပ်နေခြင်းဖြစ်ပြီး ယင်းလမ်းခင်းကျင်းပြီးစီးပါက ကျေးရွာအတွင်းရှိအိမ်ခြေ(၃၆၂)အိမ်၊ လူဦးရေ(၁၆၄၀)ဦးအတွက် အကျိုးပြုဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)