သတင်းများ

ကမမောင်းမြို့၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာအသိပညာပေးTalk show ဆွေးနွေးပွဲကျင်းပ
Jul 20,2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မသန်စွမ်းသူများ၏ အရေးဆိုင်ရာအသိပညာပေးTalk Showဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီကကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကွန်ဟိန်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Jul 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမူဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ရဲမှူးကြီး ကိုကိုလွင်မှ ၂၀၂၃ -၂၀၂၄ ခုနှစ် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့်ပတ်သတ်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရာက်
Jul 20,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ရဲမှူးကြီး ကိုကိုလွင်မှ ၂၀၂၃ -၂၀၂၄ ခုနှစ် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့်ပတ်သတ်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက တက်ရောက်ခဲ့သည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “လူငယ်နှင့်ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
Jul 20,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားလာစေရေးနှင့် ယနေ့ခေတ်တွင် လူ့အဖွဲ့အစည်းကို တည်ဆောက်ရာ၌ ယဉ်ကျေးမှုသည် အရေးပါသော ကဏ္ဍဖြစ်သည့်အတွက် “လူငယ်နှင့်ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့ပေါ်ရှိ ကိုကိုသန်း စေတနာ ရေချမ်းစင်(၃၀)စင်ကို နေ့စဥ်မပျက် ရေအလှူကုသိုလ်ပြု ဖြည့်ပေး
Jul 20,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊   မြစ်သားမြို့ပေါ်ရှိ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် ကိုကိုသန်း စေတနာရေချမ်းစင်(၃၀)စင်ကို နေ့စဥ်မပျက်နံနက်(၇)နာရီအချိန်က စတင်၍ စက်ဘီးတွင် ရေပုံးများကို ချိတ်ကာ လိုက်လံရေဖြည့်ပေးလျက်ရှိကြောင်းသိရသည်။
ကွန်ဟန်းမြို့၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ခြိုးခြံချွေတာရေး အသိပညာပေး နံရံကပ်စာစောင်ပြသပေး
Jul 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်၌ ယနေ့နံနက် ၁၁ နာရီခန့်က ပြည်သူများအနေဖြင့် လျှပ်စစ်အန္တယ်ရာယ်ကင်းရှင်းပြီး လျှပ်စစ်ဓာတ်အားကို ခြိုးခြံချွေတာ သုံးစွဲတတ်စေရန်အတွက် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးနှင့် ခြိုးခြံချွေတာရေး အသိပညာပေးနံရံကပ် စာစောင်ပြသခဲ့ကြောင်း သိရသည်။
တောင်ငူမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 20,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့၊ နေ့လယ်(၂)နာရီအချိန်က ကျင်းပခဲ့သည့်။