ကမမောင်းမြို့၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာအသိပညာပေးTalk show ဆွေးနွေးပွဲကျင်းပ

ကမမောင်း ဇူလိုင် ၂၀

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မသန်စွမ်းသူများ၏ အရေးဆိုင်ရာအသိပညာပေးTalk Showဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  စာကြည့်တိုက်လက်ထောက်-၃(အင်အားပြ) ဒေါ်တင်တင်လှက Talk Show ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ရုပ်သံ-၃(အင်အားပြ) ဦးသန့်ဇင်ဝင်းက  မသန်စွမ်းသူများ၏ အခွင့်အရေးရပိုင်ခွင့်များ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ၊ မသန်စွမ်းသူများအပေါ်ပြုမှုပြောဆိုဆက်ဆံသင့်သည့်အချက်များ၊ မသန်စွမ်းသူ များ၏အခွင့်အရေးဥပဒေများအကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲကိုကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သန့်ဇင်(ကမမောင်းပြန်/ဆက်)