ပုဗ္ဗသီရိ ဇူလိုင် ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ရဲမှူးကြီး ကိုကိုလွင်မှ ၂၀၂၃ -၂၀၂၄ ခုနှစ် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့်ပတ်သတ်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ရဲမှူးကြီး ကိုကိုလွင်၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး သန်းနိုင်ကျော်နှင့် ဦးသန်းငွေ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးဝင်းသိန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများက တက်ရောက်ခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ရဲမှူးကြီးကိုကိုလွင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံ့စီးပွားရေးမြှင့်တင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများသည်လည်း အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း၊ နိုင်ငံစီးပွားရေးမြှင့်တင်ရန် ပတ်သတ်သည့် နည်းလမ်းများကို ဆွေးနွေးကြရန်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်မှ ၂၀၂၃ - ၂၀၂၄ ခုနှစ် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစဥ်များကို ဆွေးနွေး တင်ပြခဲ့သည်။
ဆက်လက်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ပြန်လည်ဆွေးနွေးတင်ပြခဲ့ပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင် ရဲမှူးကြီး ကိုကိုလွင်မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
လှိုင်မြင့်(ပုဗ္ဗသီရိ)